ဘီစီခုနှစ်အလိုက် ကမ္ဘာ့သမိုင်း အကျဉ်းချုပ်အချက်အလက်များ
ဘီစီခုနှစ်အလိုက် ကမ္ဘာ့သမိုင်း အကျဉ်းချုပ်အချက်အလက်များ
=============================
=============================
ဘီစီ ၈၀၀၀ ခန့် – တရုတ်ပြည်မှာ အိုး စလုပ်
ဘီစီ ၇၀၀၀ ခန့် – ကျောက်သံပတ္တမြားတွေမှာ ကြေးနဲ့ တွဲသုံး
ဘီစီ ၆၅၀၀ ခန့် – ဆဟာရတောင်ပိုင်း – ပထမဆုံး အာဖရိက အိုးစလုပ်
ဘီစီ ၃၁၀၀ ခန့် – ဆူမာရီယန်များရဲ့ စာပေအရေးအသား စတင်ထွန်းကား
ဘီစီ ၃၀၀၀ ခန့် – အီဂျစ်မှာ အရုပ်စာရေးနည်း စတင်ထွန်းကား ၊ အီဂျစ်ပြက္ခဒိန်ထုတ်
ဘီစီ ၂၇၀၀ ခန့် – အီဂျစ်ဘုရင်နိုင်ငံစတင်တည်ထောင်
ဘီစီ ၂၆၀၀ ခန့် – မက်ဆိုပိုတေးနီးယားမှာ အစောဆုံး ဖန်ပုတီးစလုပ်
ဘီစီ ၂၅၀၀ ခန့် – အမွှေးရှည်ဆင်ကြီးများမျိုးတုံးပျောက်ကွယ် ( mammoth)
ဘီစီ ၂၅၅၀-၂၅၂၅ ခန့် – အီဂျစ်မှာ မဟာပိရမစ်ကြီးများ စတင်ဆောက်လုပ်
ဘီစီ ၂၂၀၀ ခန့်် – Stonehenge ကိုတည်ဆောက်ပြီးစီး
ဘီစီ ၂၀၇၀ ခန့်် – Yu the Great က တရုတ်မှာ Xia မင်းဆက်ကိုစတင်တည်ထောင်
ဘီစီ ၂၀၀၀ ခန့် – ခရိကျွန်းမှာ မိနိုအန်တို့ရဲ့ ပုံသင်္ကေတစာရေးနည်း စပေါ်
ဘီစီ ၁၉၀၀ ခန့် – ဘေဘီလိုနီးယားမှာ ဂီလ်ဂါမက်ရှ် ကဗျာရှည်မော်ကွန်း စရေး
ဘီစီ ၁၈၀၀ ခန့် – alphabetic ရေးနည်းများတိုးတက်လာ
ဘီစီ ၁၇၈၀ ခန့် – ဟမ်မူရာဘီ၏ ကိုဓ ဥပဒေ (Legal Code) ပြဌာန်း
ဘီစီ ၁၆၀၀-၁၄၀၀ ခန့် – မီနိုအန် ခရိကျွန်းမှာ အက္ခရာစဉ်ဖြင့် စာရေးသားမှု စတင်
ဘီစီ ၁၅၀၀ ခန့် – အီဂျစ်မှာ ဖန်အိုးဖန်ခွက် စလုပ်
ဘီစီ ၁၂၀၀ ခန့် – အိန္ဒိယမှာ ဝေဒကျမ်းများ ပြုစု
ဘီစီ ၁၂၀၀ ခန့် – တမန်တော် မိုးဇက်ရဲ့ ပညတ်တော် ၁၀ ပါး
ဘီစီ ၁၂၀၀ – ၁၁၅၀ ခန့် – အာရှအနောက်တောင်ပိုင်း နဲ့ မြေထဲပင်လယ်ဒေသတွင် ကြေးခေတ်ထွန်းကား
ဘီစီ ၁၁၀၀ ခန့် – ပိုလီနီရှန်းတို့ရဲ့ စာအရေးအသား အက္ခရာ စထွင် ၊ သံအသုံးပြုမှုတွင်ကျယ်လာ
ဘီစီ ၁၀၀၀ ခန့် – တရုတ် မှင်ရေးဆေးခြယ်အတတ်စတင်
ဘီစီ ၁၀၂၀ နဲ့ ဘီစီ ၉၃၀ကြား – အစ္စရေးဘုရင့်နိုင်ငံစတင်
ဘီစီ ၉၀၀ ခန့် – ဂရိတွင် အပိန်၊ အဖောင်း၊ အထု အရှည်ပုံသွင်းသော အိုးများ စလုပ်
ဘီစီ ၈၀၀ ခန့် – ဂရိမြို့ပြစနစ်စတင်ထွန်းကား
ဘီစီ ၇၇၆ ခန့် – အိုလံပစ် အားကစားပွဲများ စတင်ကျင်းပ
ဘီစီ ၇၅၀ ခန့် – ကဗျာဆရာကြီး ဟိုးမားက အီလိယက်နှင့် ဩဒက်စီ ကဗျာကြီး ရေးသား
ဘီစီ ၇၀၀ ခန့် – Arabia Felix(အာရေးဘီးယားတောင်ပိုင်း) တွင် Marib ဆည်ကိုစတင်ဆောက်လုပ်
ဘီစီ ၆၅၃ ခန့် – ပါရှားအင်ပါယာ ထွန်းတောက်ချိန်
ဘီစီ ၆၂၃-၅၄၃ ခန့် – သိဒ္ဓတ္ထ ဂေါတမ (ဗုဒ္ဓ)
ဘီစီ ၆၀၄-၅၃၁ – တာအိုဝါဒကို တည်ထောင်သူ တရုတ်ပညာရှိ လောက်ဇူ
ဘီစီ ၆၀၀ ခန့် – အိန္ဒိယတွင် ဥပနိသျှကျမ်းများ ပြုစု
ဘီစီ ၆၀၀ ခန့် – မာယန်တို့က တစ်ကယ်လ်တွင် ဘုရားကျောင်းများ ဆောက်လုပ်
ဘီစီ ၅၈၆ ခန့် – ပထမဆုံးဘုရားကျောင်း(ဆော်လမွန်ဘုရားကျောင်း) ကို ဘေဘီလုံဘုရင် Nebuchadnezzar II က ဖျက်စီး
ဘီစီ ၅၈၅ – အနောက်တိုင်းတွင် ပထမဆုံး တွေးခေါ်ပညာရှင်ဟု ယူဆရသူ သေးလိစ် (Thales) က နေစင်္ကြာဝဠာ၏ လှည့်လည်သွားလာပုံကို စတင်ဟောကိန်းထုတ်
ဘီစီ ၅၇၀ ခန့် – အီစွတ်ပုံပြင်များ စပေါ်
ဘီစီ ၅၇၀ ခန့် – ဂရိကဗျာဆရာမ ဆပ်ဖို (Sappho) ကွယ်လွန်
ဘီစီ ၅၅၁-၄၇၉ – ကွန်ဖြူးရှပ်
ဘီစီ ၅၅၀ ခန့် – ပါရှားတွင် ဇရသုတ္တရဝါဒထွန်းကား
ဘီစီ ၅၂၅-၄၆၅ – ဂရိ ပြဇာတ်ဆရာ အက်စကီးလပ်စ် (Aeschylus)
ဘီစီ ၅၀၀ ခန့် – ဒယ်လ်ဖီတွင် ပွဲကြည့်စင်ကြီးဆောက်
ဘီစီ ၄၉၆-၄၀၆ – ဂရိ ပြဇာတ်ဆရာ ဆိုဖိုကလိစ် (Sophocles)
ဘီစီ ၄၈၄-၄၀၆ – ဂရိပြဇာတ်ဆရာ ယူရီပီးဒက်စ် (Euripedes)
ဘီစီ ၄၂၇-၃၄၇ – တွေးခေါ်ပညာရှင် ပလေတို၊ ဘီစီ ၃၉၇ တွင် အေသင်၌ အကယ်ဒမီထောင်
ဘီစီ ၃၉၉ – ဆိုကရေးတီး အဆိပ်သောက်သေရန် အပြစ်ပေးခံရ
ဘီစီ ၃၉၅ – သူစီဒီးဒက်စ် (Thucydides) ၏ ပေလိုပိုနီးရှန်း စစ်သမိုင်းကျမ်း ထွက်ပေါ်
ဘီစီ ၃၇၂-၂၈၉ – တရုတ်တွင် တွေးခေါ်ပညာရှင် မင်စီယပ်စ်က ကွန်ဖြူးရှပ်ဝါဒကို ချဲ့ထွင်
ဘီစီ ၃၅၀ ခန့် – အိန္ဒိယတွင် မဟာဘာရတ ကဗျာရှည် ထွက်ပေါ်
ဘီစီ ၃၄၁-၂၇၀ – ဂရိတွေးခေါ်ပညာရှင် အက်ပီကူးရပ်စ် (Epicurus)
ဘီစီ ၃၄၀ ခန့် – အရစ္စတိုတယ် ဂီတသီအိုရီများ ဖော်ထုတ်
ဘီစီ ၃၃၅ – အရစ္စတိုတယ် အေသင်မြို့တွင် လိုင်ကီယွန် (Lyceum) ပညာရေးအဖွဲ့အစည်း တည်ထောင်
ဘီစီ ၃၃၀ – မဟာအလက်ဇန်းဒါး အောင်နိုင်တန်ခိုးထွားသည့် ဟယ်လင်နစ်ခေတ် အစ
ဘီစီ ၃၂၀ ခန့် – ဂျော်ဒန်နိုင်ငံ ပက်ထရာ၌ နာဘာတေရန် ကျောက်ဂူအတွက် ကျောက်များကို ထွင်း
ဘီစီ ၃၀၀ ခန့် – တွေးခေါ်ပညာရှင် ဇီနိုက စတိုးအစ် ဒဿနဂိုဏ်းကို ဦးဆောင်
ဘီစီ ၃၀၀ ခန့် – အလက်ဇန်းဒရီးယားတွင် မဟာစာကြည့်တိုက်ကြီး ထူထောင်
ဘီစီ ၂၅၆ – အိန္ဒိယနိုင်ငံ မောရိယအင်ပါယာတွင် ဗုဒ္ဓဝါဒသည် နိုင်ငံတော်ဘာသာဖြစ်လာ
ဘီစီ ၂၅၀ ခန့် – အိန္ဒိယတောင်ပိုင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကား
ဘီစီ ၂၁၅ – တရုတ်တွင် မဟာတံတိုင်းကြီး စတင်တည်ဆောက်
ဘီစီ ၂၁၀ ခန့် – အိန္ဒိယမြောက်ပိုင်းတွင် မဟာယာန ဗုဒ္ဓဘာသာ ထွန်းကား
ဘီစီ ၂၀၀ ခန့် – ဟီဗရူးကျမ်းစာမှ စာသားများ ပါဝင်သော ပေစာလိပ်များ ပင်လယ်သေအနီး တွေ့ရှိ
ဘီစီ ၂၀၀ ခန့် – ရိုဆက်တာကျောက်စာကို သုံးဘာသာဖြင့် ရေးထွင်း
ဘီစီ ၁၉၅-၁၅၉ – ရောမ ပြဇာတ်ဆရာ တားရန့်စ် (Terence)
ဘီစီ ၁၃၆ – တရုတ်အစိုးရ ကွန်ဖြူးရှပ်ဝါဒကို လက်ခံအသုံပြု
ဘီစီ ၁၂၀ ခန့် – ဗီးနပ်စ်နတ်သမီး ရုပ်ထု ထုဆစ်
ဘီစီ ၇၀-၁၉ – ရောမ ကဗျာဆရာ ဗာဂေးလ် (Virgil)
ဘီစီ ၅၉-၁၇ – အီတလီသမိုင်းဆရာ လေဗီ ရောမသမိုင်းကျမ်းကိုပြုစု
ဘီစီ ၅၀ ခန့် – အိန္ဒိယတွင် ဘဂဝါဂီတကျမ်း ထွက်ပေါ်
ဘီစီ ၄၉ ခန့် – ဂျူးလီယက်ဆီဇာ နဲ့ Pompey the Great ကြားက ရောမပြည်တွင်းစစ်
ဘီစီ ၂၄ – ဟိုးရေ့စ် (Horace) ၏ ပထမဆုံးကဗျာကျမ်း အိုဒက်စ် (Odes) ထွက်ပေါ်
ဘီစီ ၁၈ – ကိုရီးယား သုံးနိုင်ငံခေတ်စတင် ၊ ဂျေရုစလင်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်
ဘီစီ ၄ ခန့်-သာမန်ကာလခေတ် ၃၀ ခန့်- ယေရှုခရစ်
D2
Comments
Post a Comment